အထပ်မြင့်အဆောက်အအုံများအား စိစစ်ခွင့်ပြုရာတွင် လိုအပ်သောအချက်အလက်များ

 

(၁) အထပ်မြင့်အဆောက်အအုံဆောက်လုပ်မည့် ၄င်းအဆောက်အအုံ၏ အလျားနှင့်အနံအချိုးသည် အနည်းဆုံး(၁:၁.၅)ရှိမှသာ သတ်မှတ်အထပ်အရေအတွက်အတိုင်း စိစစ်ခွင့်ပြုပါသည်။
(၂) အဆောက်အအုံ၏ မျက်နှာပွင့်(အလျား)သည် ကျယ်ဝန်းပြီး အဆောက်အအုံ၏ (အနံ)သည် တိုသည့်ပုံသဏ္ဍာန်ဖြစ်ပါက ဆောက်လုပ်မည့် အဆောက်အအုံ၏ ပုံသဏ္ဍာန်နှင့် Conceptual Plan အားဌာနသို့ ဦးစွာတင်ပြရပါသည်။ ဌာနမှ သီးခြားစိစစ်၍ ခွင့်ပြုသင့်သည့် အဆောက်အအုံများကို ကော်မတီသို့ တင်ပြအတည်ပြုချက်ရယူပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုမိန့်ရရှိရေးဆောင်ရွက်ပါသည်။
(၃) အထပ်မြင့်အဆောက်အအုံဆောက်လုပ်မည့်သူသည် ၄င်းဆောက်လုပ်မည့် အဆောက်အအုံနှင့် ပတ်သတ်သည့် Conceptual Plan ကို ကနဦးဌာနသို့ တင်ပြစေပြီး စိစစ်လက်ခံနိုင်မှသာ အထပ်မြင့် ဆောက်လုပ်ခွင့်ရရှိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပါသည်။
(၄) ထပ်တိုးဆောက်လုပ်ခွင့်ကိုလည်း အထက်အပိုဒ်(၃)ပါ Conceptual Plan တင်ပြစေ၍အများဆုံး(၂)ထပ်အထိသာ ထပ်တိုးလျှောက်ထားခွင့် ပြုမည်ဖြစ်ပြီး ထပ်တိုးအဆောက်အအုံဆောက်လုပ်ခွင့်နှင့်ပတ်သက်၍ မူလတင်ပြသော အဆောက်အအုံဆောက်လုပ်ခွင့်ပုံစံတွင် Structure Designနှင့် ပတ်သက်၍ ထပ်တိုးမည့်အထပ်အရေအတွက်အတိုင်း ခွင့်ပြုထားမှသာ စိစစ်ဆောင်ရွက်ပါသည်။
(၅) အထပ်မြင့်အဆောက်အအုံများတွင် Basement အား အထပ်အရေအတွက်တွင် ထည့်သွင်း မတွက်ချက်ထားသော်လည်း Mezzanine Floor ပါဝင်ပါက Mezzanine Floor အား(၁)ထပ်အဖြစ် သတ်မှတ်ရန်ဖြစ်ပါသည်။
(၆) (၄)ထပ်နှင့်အထက် အဆောက်အအုံများတွင် အနည်းဆုံး (Plinth Level) ၁'-၀" ဆောင်ရွက်ပြီး၊ (G.F Level) မှစ၍ (Total Height) ၆၂'-၀" ကျော်လွန်ပါက ဓါတ်လှေကားတပ်ဆင်၍ တင်ပြဆောင်ရွက်ရမည်ဖြစ်ပါသည်။
(၇) (၄)ထပ်နှင့်အထက် အဆောက်အအုံများတွင် အရှေ့ဘက်ပင်မလှေခါးအပြင် အရေးပေါ်အသုံးပြုနိုင်ရေးအတွက် မီးသတ်လှေခါးအား အလွယ်တကူဆင်းနိုင်ရန်အတွက် ထည့်သွင်းတင်ပြဆောင်ရွက်ရမည်ဖြစ်ပါသည်။
(၈) ဆောက်လုပ်ခွင့်လျှောက်ထားသည့် အဆောက်အအုံအား အသုံးပြုရန် ရည်ရွယ်ချက်ကို တိကျစွာ ဖော်ပြရမည်ဖြစ်ပါသည်-
  စီးပွားရေးအဆောက်အအုံ
(က) ပစ္စည်းရောင်းချမည့် Show Room များ ဆောက်လုပ်ပါက ဆောက်လုပ်မည့်သူသည် ၄င်းဆောက်လုပ်မည့် အဆောက်အအုံနှင့် ပတ်သက်သည့်Conceptual Planကို ကနဦးဌာနသို့ တင်ပြစေပြီး လက်ခံနိုင်မှသာ ဆောက်လုပ်ခွင့်ရရှိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရပါသည်။
(ခ) ပစ္စည်းရောင်းချမည့်Show Room များဆောက်လုပ်ပါက အောက်ပါစည်းကမ်းချက်များကို လိုက်နာရန်လိုအပ်ပါသည်။ - စားသုံးသူများလာရောက်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်၊ စက်တပ်ယာဉ်များရပ်နားရန် နေရာပါရှိရမည်ဖြစ်ပါသည်။

(ဂ) မိမိရောင်းဝယ်သည့်ပစ္စည်းများသိုလှောင်ထားရှိရန်အတွက် ဆောက်လုပ်မည်ဆိုပါက အောက်ပါစည်းကမ်းချက်များကို လိုက်နာရန် လိုအပ်ပါသည်-

- အဆောက်အအုံသို့ အလွယ်တကူ ဝင်ထွက်သွားလာနိုင်သော ဆက်စပ်လမ်းများ ဖော်ပြပါရှိရမည်ဖြစ်ပါသည်။

- မီးဘေးအန္တရာယ်ကာကွယ်တားဆီးနိုင်ရေးအတွက် အဆောက်အအုံအတွင်း မီးသတ်ပိုက်များ (Sprinkler) များ(Fire Alarm) များပါဝင်ရပါသည်။

(ဃ) ဟိုတယ်၊ ဆေးရုံနှင့် ဆေးခန်းများဆောက်လုပ်မည်ဆိုပါက ကားရပ်နားရန်အတွက်လုံလောက်သည့် ဧရိယာပါရှိရပါသည်။

(င)(၄)ထပ်နှင့်အထက်အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါက အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပါသည်-

- ကားရပ်နားရန်ဧရိယာကိုအဆောက်အအုံ Effective Plinth Area  စုစုပေါင်း၏ ၂၀% ပါရှိရန်လိုအပ်ပါသည်။

Effective Plinth Area

Residential

- Living Room, Bed Room, Dining Room, Shrine (Not including Parking Area)

Eco Purpose
-All Service Area, (Not including Passage way, Both & WC, Waiting Area)

 

အဆောက်အအုံနှင့်ကုန်ရုံဌာနမှ စိစစ်ခွင့်ပြုပေးလျက်ရှိသည့် အဆောက်အအုံများ၏ မျက်နှာပွင့်အကျယ်နှင့် အထပ်အမြင့်သတ်မှတ်ချက်များ

အဆောက်အအုံမျက်နှာပွင့်အကျယ် ခွင့်ပြုမည့်အထပ်အရေအတွက်နှင့် အဆောက်အအုံအမြင့် (အဆောက်အအုံအမြင့်ဆိုသည်မှာ Plinth ခုံမှ Roof Beam, Tie Beam အထိ အမြင့်ကို ဆိုလိုပါသည်။) လူနေအိမ်အတွက်သာဖြစ်ပါသည်။
၈ပေမှ ၁၀ပေ အောက်

(၂)ထပ် ( RC အဆောက်အအုံမဖြစ်ရ၊ အမိုးမှာ သွပ်အမိုးဖြစ်ရမည်။) အများဆုံး ၂၃ ပေ

၁၀ပေ မှ ၁၆ ပေအောက်

(၂)ထပ်၊ အများဆုံး ၂၃ ပေ

၁၆ ပေ မှ ၁၉ပေ အောက်

(၃)ထပ်၊ အများဆုံး ၃၄ ပေ

၁၉ ပေမှ ၂၃ ပေ အောက်

(၄)ထပ်၊ အများဆုံး ၄၅ပေ

၂၃ ပေမှ ၂၆ပေ အောက်

(၅)ထပ်၊ အများဆုံး ၅၆ပေ

၂၆ ပေမှ ၂၉ပေ အောက်

(၆)ထပ်၊ အများဆုံး ၆၇ပေ

၂၉ ပေမှ ၃၁ပေ အောက်

(၇)ထပ်

၃၁ ပေမှ ၃၄ပေ အောက်

(၈)ထပ်

၃၄ ပေမှ ၃၇ပေ အောက်

(၉)ထပ်

၃၇ ပေမှ ၄၀ပေ အောက်

(၁၀)ထပ်

၄၀ ပေမှ ၄၃ပေ အောက်

(၁၁)ထပ်၊

၄၃ ပေမှ ၄၅ပေ အထိ

(၁၂)ထပ်၊ 

အဆောက်အအုံ၏ အရပ်အမြင့်အား ဌာနမှသတ်မှတ်ထားသည့် အရပ်အမြင့်အတိုင်းတည်ဆောက်ရပါမည်။

 

Click Here:

 

လျှောက်လွှာဖောင် download ရယူပါ။

 ဦးစီးဌာန: အဆောက်အအုံနှင့်ကုန်ရုံဌာန