တည်းခိုခန်းလိုင်စင် လျှောက်ထားရာတွင် လိုအပ်သောအချက်များ

 

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနသို့ တည်းခိုခန်းလိုင်စင် လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ပါသည်-

၁။ သက်ဆိုင်ရာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်။
၂။ 
သက်ဆိုင်ရာရပ်ကွက်မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်။
၃။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၏ အခန်းဖွဲ့စည်းပုံ (Drawing) (၂) စောင်။
၄။
ပိုင်ဆိုင်ကြောင်း ထောက်ခံချက်အတွက် အဆောက်အဦအမည်ပေါက်၊ အိမ်ခွန် နို့တစ်စာ (၁)စောင်။
၅။
လျှောက်ထားသူ၏ ကတိ၀န်ခံချက်(၁)စောင်။
၆။ 
သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံချက်။

 

 Form Download:

 လျှောက်လွှာဖောင် Download ရယူပါ။

 ဦးစီးဌာန: သန့်ရှင်းရေးဌာန