အငှားအိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် လိုအပ်သော အချက်အလက်များ

အငှားအိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် အောက်ပါ အချက်အလက်များ ပူးတွဲပါရှိရမည်-

၁။ အိမ်၊ ခြံ၊ မြေ အဆောက်အဦပိုင်ရှင်မှ ပိုင်ဆိုင်ကြောင်း အထောက်အထား စာချုပ်စာတမ်း (သို့မဟုတ်) ဂရန်အမည်ပေါက်စာချုပ် (သို့မဟုတ်) ဘိုးဘွားပိုင် အမည်ပေါက်မြေပုံ၊ မြေရာဇဝင်(၁၀၅)၊ (၁၀၆) မိတ္တူ (မူရင်း တင်ပြအစစ်ဆေးခံရမည်)
၂။ 
အိမ်၊ ခြံ၊ မြေ အဆောက်အဦပိုင်ရှင်နှင့် ငှားရမ်းသူတို့ ချုပ်ဆိုထားသည့် မြေကွက်လပ် (သို့မဟုတ်) အဆောက်အအုံ ငှားရမ်းခြင်း သဘောတူ စာချုပ် မိတ္တူ (မူရင်းတင်ပြ အစစ်ဆေးခံရမည်)
၃။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်
၄။
လျှောက်ထားသူ အိမ်ရှင်၏ မှတ်ပုံတင် မိတ္တူ။
၅။
လျှောက်ထားသူ၏ အိမ်ထောင်စုဇယား မိတ္တူ။
၆။
ပတ်စ်ပို့အရွယ် ဓာတ်ပုံ(၃)ပုံ။

 

 Form Download:

 လျှောက်လွှာဖောင် Download ရယူပါ။

 ဦးစီးဌာန: သန့်ရှင်းရေးဌာန