လုပ်ငန်းလိုင်စင်သစ် လျှောက်ထားရာတွင် ပူးတွဲတင်ပြရသည့် ထောက်ခံချက်များ

 

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနသို့ လုပ်ငန်းလိုင်စင်သစ် လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲတင်ပြရမည် ဖြစ်ပါသည်-

၁။ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက်။
၂။ 
မြို့နယ်(သို့) ဗဟိုမီးသတ် ဦးစီးဌာန ထောက်ခံချက် (လျှောက်လွှာတွင် ဖြည့်စွက်ပုံစံ ပါရှိပါသည်)။
၃။
ဘေးပတ်ဝန်းကျင် အိမ်များ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် (လျှောက်လွှာတွင် ဖြည့်စွက်ပုံစံ ပါရှိပါသည်)။
၄။
အိမ်ထောင်စုဇယား မိတ္တူ (လျှောက်ထားသူ)။
၅။
မှတ်ပုံတင်မိတ္တူ (လျှောက်ထားသူ)။
၆။ 
ဓာတ်ပုံ(၃)ပုံ (လျှောက်ထားသူ)။
၇။   အောက်ဖော်ပြပါ လုပ်ငန်းများအတွက် အမှတ်စဉ်(၁ မှ ၆ ထိ) အထောက်အထားများအပြင် လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပူးတွဲ တင်ပြရမည်ဖြစ်ပါသည်-
၈။ 
တည်းခိုခန်းလုပ်ငန်းလိုင်စင်အတွက်
(က)   သက်ဆိုင်ရာ ရဲစခန်း၏ထောက်ခံချက်
(ခ)    မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ထောက်ခံချက်
(ဂ)    အခန်းဖွဲ့စည်းပုံ (ဆောက်အအုံနှင့်ကုန်ရုံဌာန၏ ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်)
(ဃ)   ပိုင်ဆိုင်မှုအထောက်အထား (သို့) ငှားရမ်းလုပ်ကိုင်ပါက အငှားစာချုပ်မိတ္တူ
၉။ 
အစားအသောက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းလိုင်စင်အတွက် FDA ၏ ထောက်ခံချက်    
(က)  မုန်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော စက်ရုံ
(ခ)   ကြာဇံ စက်ရုံ
(ဂ)   ရေသန့် စက်ရုံ
(ဃ)  ငါးပိ၊ ငံပြရည်၊ ဆော့ထုတ်လုပ်သည့်စက်ရုံ
(င)   အချိုရည် စက်ရုံ
(စ)   အသင့်စား အသားခြောက်လုပ်ငန်း
၁၀။  တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ထောက်ခံချက်
(က)  စက္ကူစက်ရုံ
(ခ)   အရက်ချက်စက်ရုံ
(ဂ)   ပုံနှိပ်လုပ်ငန်း
(ဃ)  ကွန်ပျူတာစက်ကြီး၊ စက်ပန်းထိုးနှင့်ဆက်စပ်လုပ်ငန်းများ
(င)   ရေခဲစက်ရုံ
၁၁။
စက်မှုလက်မှု လုပ်ငန်းများအား သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်များ (သို့) ထောက်ခံချက်
 

 

 Form Download:

 လျှောက်လွှာဖောင် Download ရယူပါ။

 ဦးစီးဌာန: သန့်ရှင်းရေးဌာန