မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ Data Center ပဏာမ ဖွင့်လှစ်

news 001

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်

အီလက်ထရောနစ်အစိုးရစနစ် (e-Government) အကောင်အထည်ပေါ်လာပါက ပိုမိုပွင့်လင်း မြင်သာ၍ အဂတိကင်းရှင်းလာမည်ဖြစ်ပြီး ဝန်ထမ်းများ အနေဖြင့်လည်း လိပ်ပြာသန့်စေချင်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောကြားသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ပြုလုပ်သော e-Government စနစ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့်တိုင်း ဒေသကြီးအစိုးရအဖွဲ့Data Center ပဏာမဖွင့်လှစ်ခြင်း အခမ်းအနားတွင် တက်ရောက်လာကြသူများအား ဝန်ကြီးချုပ်က ယင်းသို့ပြောကြားခြင်းဖြစ်သည်။


ဝန်ကြီးချုပ်က"e-Government စနစ်ပေါ့၊ ယနေ့ခေတ်မှာ Information Techonologyကို မသုံးပဲနဲ့ ဘာမှလုပ်လို့မရတော့ဘူး၊ အစိုးရအနေနဲ့ကြိုးစား ရမယ်၊ e-Government အကောင်အထည်ဖော်တဲ့အခါ တကယ်ရောတိုင်းနဲ့ပြည်နယ်တွေမှာ လုပ်လို့ရပါ့မလားဆိုတဲ့ သံသယတော့ဖြစ်မိတာအမှန်ပဲ၊ နိုင်ငံ မှာ အစိုးရရဲ့လုပ်ငန်းစဉ်တစ်ချို့ နှောင့်နှေးမှုရှိခဲ့တယ်၊ ကြံ့ကြာမှုရှိတယ်၊ ပြည်သူမသိဘူး၊ e-Government ဖြစ်လာရင် ပွင့်လင်းမြင်သာမှုနဲ့ လုပ်ငန်းစဉ် တစ်ချို့က ပိုပြီးလွယ်မလားဆိုပြီး ဆွေးနွေးချက်တွေရှိတော့ အကောင်အထည်ဖော်ရတာပေါ့၊ ပွင့်လင်းမြင်သာမှုရှိစေချင်တယ်၊ အဂတိကင်းချင်တယ်၊ e- Government က တကယ်တမ်းအကောင်အထည်ဖော်ပြီဆိုရင် ဝန်ထမ်းတွေလိပ်ပြာသန့်လာစေချင်တယ်၊ Data Center ပေါ်လာလို့ e-Government processing ကောင်းသွားပြီဆိုတာနဲ့တစ်ပြိုင်နက် အစိုးရရဲ့လုပ်ငန်းစဉ် အားလုံးဟာပိုပြီးပွင့်လင်းလာမယ်'' ဟုပြောကြားသည်။


ထို့အပြင် ဝန်ကြီးချုပ်က နိုင်ငံခြားရင်းနှီးမြှပ်နှံမှုမရှိဘဲ နိုင်ငံမတိုးတက်နိုင်ကြောင်း၊ မိမိတို့နည်းပညာလိုအပ်ကြောင်း၊ ယခု Data Center ရှိလာသဖြင့် ပညာရှင်တွေလိုအပ်သဖြင့် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ အစိုးရဝန်ထမ်းများအနေဖြင့် နည်းပညာကိုသုံးတတ်လာပြီဆိုပါက ပိုကောင်းမွန်လာမည် ဖြစ်ကြောင်းလည်းဆိုသည်။


"ဒီ Information တွေ data တွေအားလုံးဟာတစ်နေရာမှာ recovery ပြန်လုပ်လို့ရရမယ်၊ မန္တလေးတိုင်း Data Center က အသုံးတည့်လာမယ် ထင်ပါတယ်၊ ဒါကိုသုံးနိုင်အောင် အသိပညာပေးရပါမယ်၊Data Center နဲ့ပတ်သက်လို့ အချက်အလက်ပေးစရာရှိတာပေးစေချင်ပါတယ်၊ တိုင်းဒေသကြီးရဲ့ လုပ်ငန်းစဉ်တွေအားလုံးတစ်ခြားလူတွေသိစေချင်ပါတယ်"ဟုလည်း ဝန်ကြီးချုပ်က တိုက်တွန်း ပြောကြားသည်။


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ e-Government စနစ်အကောင်အထည်ဖော်ရေးကော်မတီတွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်စိုးကလည်း Data        Center တည်ဆောက်ခြင်း၊ e-Government စနစ်အကောင်အထည်ဖော်ဆောင်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် Data Center တည်ဆောက်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့သည့် Lantro (Myanmar)Co.,Ltd အားဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Data Center ဆိုင်းဘုတ်အား အမွှေးနံ့သာ ရည်ဖြင့်ပက်ဖြန်းကြပြီး Data Center နှင့် ချိတ်ဆက် အသုံးပြုသော ဆက်စပ်ပစ္စည်းတို့နှင့် e-Government လုပ်ငန်းများအားလှည့်လည် ကြည့်ရှုခဲ့ ကြသည်။


အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ e-Government စနစ် အကောင်အထည်ဖော်ရေးကော်မတီမှ တာဝန်ရှိသူများ၊ တက္ကသိုလ် ကောလိပ်များမှ ပါမောက္ခများ၊ ကွန်ပျူတာပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။


e-Government စနစ် အကောင်အထည် ဖော်ရေးကော်မတီတွဲဖက်အတွင်းရေးမှူးက အစိုးရ၏လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လုံခြုံမှုရှိရေးသည်လည်း အရေးကြီးကြောင်း၊ Electronic data များအသုံးပြုသည့်အခါ အလွယ်တကူမပေါက်ကြားနိုင်အောင်လည်း Data Center တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ယင်းသည် မန္တလေးတိုင်းဒေသကြီးသာမကအခြားတိုင်းဒေသကြီးများကိုလည်း အီလက်ထရိုနစ်ဝန်ဆောင်မှုများပေးနိုင်မည်ဖြစ်ပြီး သဘာဝဘေးဆိုင်ရာ အချက်အလက် များကိုလည်း Recover ပြုလုပ်ပေးနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရ၏ Data Center ၂၀၁ရခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီးတင်ဒါဝယ်ယူထားသော စက်ပစ္စည်များကိုတတ်ဆင် ကာ ယနေ့တွင် ပဏာမအနေဖြင့်ဖွင့်လှစ် အသုံးပြုခြင်းဖြစ်သည်။ ယင်းသည် မန္တလေးတိုင်းဒေသကြီးအတွက်အဓိက Data Store ဖြစ်လာ မည်ဖြစ်ပြီး အစိုးရ၏ e-government စနစ်ကိုတစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။

news 002

news 003

news 004