ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

Category: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

      

 ရည်ရွယ်ချက်

(၁) နိုင်ငံတော်အလံ လွှင့်ထူထားသော သင်္ဘောများရှိ သင်္ဘောသားများ၏လုံခြုံမှုအဆင့်အတန်း၊ လုံခြုံမှု အလေ့အကျင့်များနှင့် သင်္ဘောသားများ လိုအပ်သောကျွမ်းကျင်မှု၊ အဆင့်အတန်းများ ရှိစေရေး။
(၂) လူ့စွမ်းအားအရင်းအမြစ်ကို ရေကြောင်းကဏ္ဍတွင် အမြင့်မားဆုံးတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရေး။
(၃) မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော သင်္ဘောများ၏ လုံခြုံမှု အဆင့်အတန်းမြင့်မားရေး။
(၄) ရေကြောင်းပတ်ဝန်းကျင် ညစ်ညမ်းကာကွယ်ရေးနှင့် ပင်လယ်ပြင်ဒုက္ခရောက်သူများ၏ အသက်အန္တရာယ် လုံခြုံမှုရှိစေရန် အထူးတာဝန်ယူဆောင်ရွက်ရေး။

 

အဓိကလုပ်ငန်းတာဝန်များ

(၁) ရေကြောင်းဘက်ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များနှင့် ရေကြောင်းပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းခြင်း ကိစ္စရပ်များဆောင်ရွက်ခြင်း၊
(၂) ရေယာဉ်အမျိုးအစားအလိုက် မှတ်တမ်းများထားရှိ ဆောင်ရွက်ခြင်း၊
(၃) ရုံးချုပ်မှ သတ်မှတ်ပေးသော ရေယာဉ်များ အမျိုးအစား/အရွယ်အစားအလိုက် မှတ်ပုံတင်ခြင်းနှင့် လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာ ကိစ္စများ ဆောင်ရွက်ခြင်း၊
(၄) ခရီးသည်တင်ရေယာဉ်များ ဆိပ်ကမ်း ဝင်/ထွက်မှု ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ခြင်း ၊
(၅) ရေယာဉ်များ အသစ်တည်ဆောက်ခြင်း အတွက် တိုင်းတာ စစ်ဆေးခြင်း၊ ယာယီ မှတ်ပုံတင် ထုတ်ပေးခြင်း၊ အမြဲတမ်း မှတ်ပုံတင်ရရှိရေးအတွက် ဆက်လက်တင်ပြ ဆောင်ရွက်ပေးခြင်း၊ သက်တမ်းတိုး ဆောင်ရွက်ခြင်း၊ အမည်ပြောင်း၊ အတိုင်းအတာပြောင်း၊ စက်ပြောင်း၊ လိပ်စာ ပြောင်းကိစ္စများ ဆောင်ရွက်ခြင်း၊
(၆) ရေယာဉ်အုပ်၊ စက်ခန်းအုပ်သင်တန်းများ ဖွင့်လှစ်၍ ကျွမ်းကျင်မှု လက်မှတ်များထုတ်ပေးခြင်း၊
(၇) ရေယာဉ် တိုက်ခိုက်၊ နစ်မြုပ် ပျောက်ဆုံးမှု၊ မတော်တဆမှုများအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ဆောင်ရွက်ခြင်း၊၊
(၈) လိုအပ်သော Marine Notice များ၊ Marine Instruction များ ထုတ်ပြန်ကြေငြာပေးခြင်း၊
(၉)  ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ရေကြောင်း ဘက်ဆိုင်ရာ လိုအပ်ချက် ကိစ္စရပ်များဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊
     
  ရုံးလိပ်စာ အကွက်(၃၂၁)၊ ကမ်းနားလမ်း၊ ဒေးဝန်းအနောက်ရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်။
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၆၃၈၄၂၊ ၀၂ ၆၃၈၈၂
  အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ
   Social Link    

 

Eservices   Topics
No tagged items found
 
News