Agencies

Agencies ဆိုသည်မှာ ပြည်သူလူထုအား အစိုးရရုံးလုပ်ငန်းများကို တိုက်ရိုက် ဝန်ဆောင်မှုပေးနေသော ဝန်ကြီးဌာနများ လက်အောက်ရှိ ဦးစီးဌာနများကို ရည်ညွှန်းထား ဦးစီးဌာနများအကြောင်းကို အချက်အလက်များဖြင့် တင်ပြထားခြင်း ဖြစ်ပါသည်၊၊

See More>>

eServices

eServices ဆိုသည်မှာ အစိုးရ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  လွယ်ကူ မြန်ဆန်စေရန်အတွက် သက်ဆိုင်ရာ ဦးစီးဌာနများမှ ပြည်သူသို့ အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးထားသော ဝန်ဆောင်မှုများ ဖြစ်သည်။

See More >>

Topics

Topics  ဆိုသည်မှာ ပြည်သူများမှ အစိုရရုံးဌာနများတွင် ရယူနိုင်သော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက်များကို သိရှိစေရန်နှင့် လျှောက်လွှာ ဖောင်များ ရယူနိုင်ရန်အတွက် ဖြစ်သည်။

See More >>

Categories

Categories ဆိုသည်မှာ "ဝန်ကြီးဌာနများ" ကို ရည်ညွှန်းထားခြင်း ဖြစ်၍ ဝန်ကြီးဌာနများ၏ အဓိကလုပ်ငန်း တာဝန်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပါဝင် ဖွဲ့စည်းထားသော ဦးစီးဌာနများကို ဖော်ပြထားပါသည်။

See More>>

 

 

  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့

စဉ် အမည် နှင့် ရာထူး ဆက်စပ်ဝန်ကြီးဌာနများ (ပြည်ထောင်စု)
၁။ ဝဏ္ဏကျော်ထင်ဦးမောင်ကို 
ဝန်ကြီးချုပ် 

- ပြည်ထောင်စု တရားလွှတ်တော်ချုပ်
- ပြည်ထောင်စု ဥပဒေချုပ်ရုံး
- ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး
- ပြည်ထောင်စု ရာထူးဝန်အဖွဲ့
- ပြည်ထောင်စု လွှတ်တော်ရုံး
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

၂။ ဗိုလ်မှူးကြီးကျော်ကျော်မင်း
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
- ကာကွယ်ရေးဝန်ကြီးဌာန 
- ပြည်ထဲရေးဝန်ကြီးဌာန 
နိုင်ငံခြားရေးဝန်ကြီးဌာန
- ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန(၁)၊ (၂)
- နယ်စပ်ရေးရာဝန်ကြီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၃။ ဦးကျော်ဆန်း
စည်ပင်သာယာရေးဝန်ကြီး
- တိုင်းဒေသကြီး စည်ပင်သာယာရေး
၄။ ဦးသိန်းဌေး
စီးပွားရေးရာဝန်ကြီး
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
- စက်မှုဝန်ကြီးဌာန
- စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
- ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန
- ပညာရေးဝန်ကြီးဌာန
- ကျန်းမာရေးဝန်ကြီးဌာန
၅။ ဦးမျိုးအောင်
သယံဇာတရေးရာဝန်ကြီး
- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
- လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန

၆။ ဦးယဉ်ထွေး
လူမှုရေးရာဝန်ကြီး
ပြန်ကြားရေး၀န်ကြီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
အလုပ်သမားဝန်ကြီးဌာန
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- တိုင်းဒေသကြီး အစိုးရအဖွဲ့
၇။ ရဲမှူးချုပ်စိန်လွင်
လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၈။ ဦးစိုင်းနွမ်
တိုင်းရင်းသားရေးရာဝန်ကြီး

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၉။ ဦးမြင့်အောင်
ဥပဒေချုပ်
ပြည်ထောင်စုဥပဒေချုပ်ရုံး

၁၀။ ဦးမြင့်လွင်
အတွင်းရေးမှူး
- တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အား တာဝန်ခံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရုံးလုပ်ငန်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ဆက်သွယ်ဆောင်ရွက်သည့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာများ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးလုပ်ငန်းဆိုင်ရာများ

 

Announcements & News

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အများပြည်သူသို့ သိစေလိုသော အသိပေးချက်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများ၏ တင်ဒါခေါ်ယူချက်များ၊ အသိပေးချက်များအစရှိသည့် သတင်းများကို ကြည့်ရှုနိုင်ပါသည်။

 

mcdc

ဦးစီးဌာန၊  ရေနှင့် သန့်ရှင်းမှုဌာန

ဝန်ကြီးဌာန၊  စည်ပင်သာယာရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ 

  

မိလ္လာစုပ်ယူစွန့်ပစ်လိုသူများအတွက် အသိပေးကြေငြာခြင်း

 

မိလ္လာစုပ်ယူစွန့်ပစ်လိုသူများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့် သန့်ရှင်းမှုဌာနက ဝန်ဆောင်မှုပေးနေပါသည်။ မိလ္လာကားငှားယူပြီး မိလ္လာများ စုပ်ယူစွန့်ပစ် လိုသူများအနေဖြင့် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်-

၁။

မိမိနေထိုင်ရာမြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီအုပ်ချုပ်ရေးမှူးရုံးတွင် မိမိတို့၏နေရပ်၊ လိပ်စာ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို သတ်မှတ်ထားသည့် ပုံစံတွင် ပြည့်စုံစွာရေးသွင်းပြီး ဝန်ဆောင်ခကြိုတင်ငွေပေးသွင်းရန်၊ ငွေပေးသွင်းပြီး နောက် ဌာနမှ နှစ်ပတ်(၁၄)ရက်အတွင်း ဝန်ဆောင်မှုပေးမည် ဖြစ်ပါသည်။

၂။

မိလ္လာကားတစ်ခေါက်လျှင် ဂါလန်(၁၀၀၀)ဆံ့ စုပ်ထုတ်သယ်ယူနိုင်ပါသည်။ မိလ္လာကန်တွင် စုပ်ထုတ်နိုင်သော အပေါက်ပါရှိရမည်ဖြစ်ပြီး မိလ္လာကားအနီးဆုံး ဝင်ရောက် ရပ်တန့်နိုင်သောနေရာ၏ပေ(၁၀၀)အကွာအဝေးအတွင်း တည်ရှိရမည်။

၃။ မိလ္လာစုပ်ထုတ်ရမည့်နေအိမ်သည် မိလ္လာကားဝင်/ထွက် မောင်းနှင်နိုင်မည့် လမ်းအကျယ် (၁၂)ပေ ရှိရန် လိုအပ်ပါသည်။
၄။

သတ်မှတ်ထားသောဝန်ဆောင်ခမှအပ အပိုကြေးပေးရန်မလိုအပ်ဘဲ အဆင်မပြေ မှုများရှိပါက ရေနှင့်သန့်ရှင်းမှုဌာန၊ ဌာနမှူး ဖုန်းနံပါတ် (၀၉-၉၇၇၁၀၀၇၀၁)၊   ၀၂-၃၅၉၂၈ သို့ တိုက်ရိုက်ဆက်သွယ် အသိပေးတိုင်ကြားနိုင်ပါသည်။

 

ရေနှင့်သန့်ရှင်းမှုဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

 

ရေနှင့် သန့်ရှင်းမှုဌာန၏ News များ